သတင်းများ

နမ္မတူမြို့နယ် အမှတ် (၈)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ အားကစားဆိုင်ရာ  အသိပညာပေး ဟောပြော
Jul 01,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍
ကြံခင်းမြို့တွင် အသက်(၂)လမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် ဆောင်ရွက်လျက်ရှိ
Jul 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်
Jul 01,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာအုပ်စု၊ အ.ထ.က အေးမြသာယာကျောင်းမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တို့၌ ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
မိတ္ထီလာတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Jul 01,2022
မိတ္ထီလာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများတွင် ပိုးလောက်လန်းသတ်‌ဆေး(အဘိတ်ဆေး)ခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီ အချိန်က အထက(၁) တွင် ဆောင်ရွက်ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲနည်း သင်တန်းဖွင့်လှစ်
Jul 01,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စီမံကိန်းရေးဆွဲနည်း သင်တန်းဖွင့်ပွဲအား ယမန်နေ့ က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်ရှိ စံညီစာကြည့်တိုက်များအား ကြည့်ရှုစစ်ဆေးပြီး စာအုပ်များလှူဒါန်း
Jul 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ သည် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးပြီး စာအုပ်များ လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။
ကချင်ပြည်နယ်စီးပွားရေးရာ၀န်ကြီး ပူတာအိုမြို့နယ်အတွင်း ‌ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၊ ဌာနဆိုင်ရာ၀န်ထမ်းများနှင့်တွေ့ဆုံ
Jul 01,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာ၀န်ကြီး ဦးမျိုးဆွေသည် ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးအဖွဲ့၀င်များ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်အတူ ဇွန်(၃၀)ရက်တွင် ပူတာအိုမြို့နယ်အတွင်း ဘဏ္ဍာနှစ်အလိုက် အကောင်အထည်‌ဖော်‌‌ ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးပြီး ဌာနဆိုင်ရာ၀န်ထမ်းများနှင့် တွေ့ဆုံသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ "မြန်မာအမျိုးသမီးများနေ့"အထိမ်းအမှတ် Talk Show ကျင်းပ
Jul 01,2022
ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် ၈ နာရီ က " မြန်မာအမျိုးသမီးများနေ့"အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ခဲ့သည်။