ကဝမြို့နယ်၌ ကောက်စိုက်စက်ဖြင့် လက်တွေ့စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
Jul 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် အမှတ်(၃၄)စက်မှုလယ်ယာစခန်း(အုန်းနှဲ)တို့ပူးပေါင်း၍ အမှတ်(၁)ရွာသစ်ရပ်ကွက် ကွင်းအမှတ်(၁၀၉၂-ခ) တောင်သူဦးကိုကိုလွင်၏ လယ်ယာမြေ(၁၀)ဧကပေါ်တွင် ဆင်းသုခစပါးမျိုးအား ကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။