ကျောက်ဆည် စက်တင်ဘာ ၁၀
လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနင်းသွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ကျောက်ဆည်မြို့နယ်အတွင်း မြို့ဝင်/မြို့ထွက်နေရာများနှင့် လမ်းဆုံလမ်းခွများတွင် စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၉ နာရီက စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့စစ်ဆေးရာတွင် ကျောက်ဆည်မြို့နယ်လုံခြုံရေးအရာရှိ ဗိုလ်မှူးဟိန်းကိုကိုလတ်နှင့် တပ်ဖွဲ့ဝင်များ၊ ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး ရွှေစင်ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်မိုးကျော်စိုးနှင့်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကျောက်ဆည်မြို့နယ်အတွင်း မောင်တော်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များပြည့်စုံမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်