ကန်ကြီးထောင့် ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်သတင်းများနှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီစောလျင်စွာ တိကျမှန်ကန်သော မြေပြင်သတင်းအမှန်ရရှိစေရေး သတင်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး နိုင်လင်းအောင်က ထူးခြားဖြစ်စဉ်သတင်းများ အချိန်နှင့်တပြေးညီရောက်ရှိရေး၊ သတင်းမှန်ကန်မြန်ဆန်စေရေး၊ ပူးပေါင်းဆောင်ရွတ်ရမည့် အဖွဲ့အစည်းများစသဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးကြည်က မှုခင်းကျဆင်းရေးနှင့်ယာဥ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးကျော်ဆွေက လူဦးရေ မြေပြင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွတ်မည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ မေးမြန်းချက်များအား တာဝန်ရှိသူ များက ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
မဇင် (ပြန်/ဆက်)