မင်းလှ ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အတူအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဆောင်းနေကြာသီးသန့်စံပြကွက်(၃)ဧကစိုက်ပျိုးထားခြင်းကို ကြည့်ရှုအားပေးခဲ့သည်။
ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ကိုင်းပြင်ကြီးအုပ်စု၊ ကိုင်းပြင်ကြီးရွာမကျေးရွာအနီး ဦးပိုင်အမှတ်(၆၂)၊ ကွင်းအမှတ်၇၈၁(က)၊ တောင်သူဦးမောင်မောင်စိုး၏ လယ်မြေ(၃)ဧက၌ စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးနည်းပညာအကူအညီဖြင့် စိုက်ပျိုးထားသည့် ဆောင်းနေကြာသီးသန့်စံပြကွက်စိုက်ပျိုးထားခြင်းအား ကြည့်ရှုအားပေးကာ အထွက်နှုန်းကောင်း မွန်စွာထွက်ရှိနိုင်ရေးဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးနည်းပညာများဖြင့် စိုက်ဧကများတိုးချဲ့စိုက်ပျိုးကြစေလိုကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ပေါက်စ(မင်းလှ)