လမ်းမတော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စာစီစာကုံးပြိုင်ပွဲကျင်းပ

လမ်းမတော် ဇန်နဝါရီ  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီက မြတ်ပညာခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ပူးပေါင်းစီစဉ်ကျင်းပသော “တို့ပတ်ဝန်းကျင်မထိခိုက်ရေးဆေးလိပ်၊ ဆေးရွက်ကြီးရှောင်ရှားပေး”စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်သည်။

ထိုသို့ပြိုင်ပွဲပြုလုပ်ရာတွင် အလယ်တန်းအဆင့်ကျောင်းသား/ ကျောင်းသူများ၊ အထက်တန်းအဆင့်ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်၊ ဆုရရှိသောကျောင်းသား/ ကျောင်းသူများကို ဇန်နဝါရီ(၂၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် လမ်းမတော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ဆုများချီမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်