သတင်းများ

လားရှိုးမြို့တွင် ဒုတိယအကြိမ်မြောက် လူမျိုးဘာသာမရွေး အသက်(၇၀)အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပ
Jan 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ဒုတိယအကြိမ်မြောက် လူမျိုးဘာသာမရွေး အသက်(၇၀)အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့၊ ကန်ဦးကျွန်းတောကျောင်း၌ (တတိယအကြိမ်) မြို့နယ်လုံးဆိုင်ရာအသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ
Jan 18,2023
ပြည်ထောင်စုနယ်နယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကံဦးရပ်ကွက်၊ ကန်ဦးကျွန်းတော ကျောင်းတွင်(ကမ္ဘာသူ/ကမ္ဘာသားအပေါင်းတို့ ကပ်ကြီးသုံးပါးဘေးမှ ကင်းဝေး၍ ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံပါစေခြင်းအကျိုးငှာ) နေပြည်တော်ကောင်စီမှကြီးမှူး၍ ကျင်းပပူဇော်သော ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ်၊ အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေး
Jan 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အ.ထ.ကနတ်စင်ကုန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster) ထိုးနှံပေးနေကြောင်း သိရသည်။
ဖားဆောင်းမြို့နယ် တောင်ပိုင်းရပ်ကွက်၌ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးနှိုးဆော်
Jan 18,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများက ယနေ့နံနက်(၈)နာရီ အချိန်က တောင်ပိုင်းရပ်ကွက်၌ အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စက္ကူခေါက်ပြိုင်ပွဲ ကျင်းပ
Jan 18,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က အထက်တန်းကျောင်းသား၊ ကျောင်းသူများနှင့် စက္ကူခေါက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Jan 18,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်  မြို့နယ် ရုံးဝန်ထမ်းများက စိုက်ပျိုးသိပ္ပံ(ပျဉ်းမနား)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား  သွားရောက် ငှားရမ်းပေးကြသည်။
သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jan 18,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးငယ်များ ကာယစွမ်းရည်/ဉာဏစွမ်းရည် ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။
တံတားဦးမြို့နယ် နွားကျော်ဒရပ်တွင် ကွန်ကရစ်ကန်လုပ်ငန်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေများရရှိ
Jan 18,2023
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် နွားကျော်ဒရပ်တွင် ကွန်ကရစ်ကန်လုပ်ငန်းဖြင့် မိသားစု တစ်ပိုင်တစ်နိုင် လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။