ယင်းမာပင်၌ ပညာရေးစုံညီပွဲတော်ကျင်းပ

ယင်းမာပင် ၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ အမှတ်(၂) အခြေခံပညာအလယ် တန်းကျောင်းခွဲ၌ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်(၉)နာရီအချိန်က ပညာရေးစုံညီပွဲတော် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာကျောင်းသား ကျောင်းသူလေးများက ပညာရေးစုံညီပွဲတော် အထိမ်းအမှတ် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူလေးများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။

"၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အားကစားထူးချွန်ဆုရရှိကြသူတွေ၊ အထိမ်းအမှတ်နေ့ တွေမှာကျင်းပတဲ့ စာစီစာကုံးပြိုင်ပွဲဆုရရှိကြသူတွေနဲ့ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲမှာဆုရရှိကြတဲ့ ကျောင်းသားကျောင်းသူများကို ဆုများချီးမြှင့်ပေးတာဖြစ်ပါ တယ်" ဟု ပညာရေးစုံညီပွဲကျင်း ပခြင်းနှင့်ပတ်သက်၍ ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပညာရေးစုံညီပွဲတော်အခမ်းအနားသို့  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ၊ဦးဆန်းမော်၊ အဖွဲ့ဝင်(၁)၊ ဒုတိယဗိုလ်မှူးကြီးဝင်းခိုင်ထွန်းနှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပြီး အခမ်းအနားအပြီးတွင် ကျောင်းသားကျောင်းသူလေးများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော် ဖြေခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်