သနပ်ပင်မြို့နယ်  ရေကျော်ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

သနပ်ပင် ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အခြေခံပညာမူလွန် ရေ‌ကျော်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးကို လုံးဝရှောင်ကြဥ်ရန်၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမိပါကဖြစ်တတ်‌သောရောဂါလက္ခဏာများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအား ရှင်းလင်းပြောကြားခဲ့သည်။

 ထို့နောက်  ‌ပြသထားသောမူးယစ်ဆေးဝါးအန္တရာယ်အသိပညာ‌‌ပေး နံရံကပ်စာစောင်များကို  ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

လှမိုး (ပြန်/ ဆက်)