ဗန်းမော် ဇန်နဝါရီ ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၅) နှစ်မှ အသက် (၁၂)နှစ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီး၍ (၅)လပြည့်သည့် ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး MYANCOPHARM ကို ယနေ့နံနက် ၉ နာရီခန့်က စတင်၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး MYANCOPHARM ထိုးနှံပေးရာတွင် ဒုခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီခိုင်က ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဗန်းမော် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျော်ဝင်းတို့က ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး ယနေ့တွင် ကျောင်းသား ကျောင်းသူ ပေါင်း (၈၀၀)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်