တံတား ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Myancopharm)ကို ယမန်နေ့နံနက်(၉)နာရီအချိန်က တံတားမြို့အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ တတိယအကြိမ်(Booster)ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးဘေစင်နှင့်လက်သန့်ဆေးရည်များကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထားရှိပေးလျက်ရှိရာ တံတားမြို့ အခြေခံပညာကျောင်းမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ(၂၅၇)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး( Myancopharm) တတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (တံတား)