တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် စာဖတ်ဝိုင်းကျင်းပ

တိုက်ကြီး ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးခရိုင်တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် ပူးပေါင်း၍  စာရေးသူ သက်ဝေမောင် ရေးသားထားသော ပြိုင်ပွဲဝင်ဆုရ လက်ရွေးစင်ဝတ္ထုတိုများစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဉီးနေသွေးဇော်က မျိုးဆက်သစ်လူငယ် လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဖတ်ရှုထားသည့် စာပေအသိများအား ပြန်လည်မျှဝေ ပေးနိုင်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ စာဖတ်ဝိုင်းများကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ‘’ ပြိုင်ပွဲဝင်ဆုရ လက်ရွေးစင် ဝတ္ထုတိုများ စာအုပ်မှ အဖြူရောင်မုသားဝတ္ထုဖြင့် ဖတ်ကြားဆွေးနွေးသည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Book Club အသင်းဝင်များက အ​ဖြူရောင် နှလုံးသား၏ ထာဝရအမွေ၊ စုန်လမ်းမှဆန်လမ်းဆီသို့၊ ဉယျာဉ်မှူးတို့၏ အဖြူရောင် နှလုံးသားများနှင့် လောက၌ အခက်ဆုံးသောအရာ အစရှိသည့် ပြိုင်ပွဲဝင်ဆုရ ဝတ္ထုတိုများကို ဖတ်ကြားကာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လူငယ်များ စာပေဖတ်ရှုသည့် အလေ့အထများဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် စာဖတ်ပရိတ်သတ်များ၊ စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်