သတင်းများ

မြောက်ဦးမြို့နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီမှ အိမ်ထောင်စုစာရင်းအမှန် ရရှိနိုင်ရေး ဆွေးနွေးပွဲ ကျင်းပ
Jan 16,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီမှ အိမ်ထောင်စုစာရင်းအမှန်ရရှိနိုင်ရေး    ဆွေးနွေးပွဲကို ထမ္မရာဇ်ရပ် ကွက်ရှိ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က  ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့၊ မင်းပြင်ဝန်ထမ်းအိမ်ရာ၌ နေထိုင်နေသူများအား အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့မှ ကွင်းဆင်းစာရင်းကောက်ယူ
Jan 16,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မင်းပြင်ဝန်ထမ်းအိမ်ရာ၌ နေထိုင်လျက်ရှိသည့် မိသားစုဝင်များအား အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်မှုရှိစေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) မှ ယမန်နေ့မွန်းလွဲပိုင်းက တစ်အိမ်တက်ဆင်းသွားရောက်ကာ ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
 မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စက်ခေါင်းမောင်း လက်ထောက်(၂) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Jan 16,2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စက်ခေါင်းမောင်း လက်ထောက်(၂)အမှတ်စဉ် (၃၃/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဘဝအောင်မြင်ရေး အခြေခံအကြောင်းများခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jan 16,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမတွင် စာပေမြတ်နိုးသူ Book Club အသင်းဝင်လူငယ်များနှင့် ဘဝအောင်မြင်ရေးအခြေခံအကြောင်းများခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူတက္ကသိုလ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကျင်းပ
Jan 16,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူတက္ကသိုလ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။
မိုးနဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နားခံ (အ.ထ.က)ခွဲကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းခွဲ နားခံကျောင်း၌ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ပညာရေးမှူး၊ ‌ကျောင်းအကျိုးတော်ဆောင်များ ၊ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
လှိုင်မြို့နယ်တွင် ကျောင်သား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အတွက် ယနေ့နံနက် (၁၀) နာရီအချိန်က၊ အမှတ်(၇)၊ အခြေခံပညာမူလတန်းကျောင်းတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မန်တုံမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jan 16,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲ(၁:၀၀)နာရီ အချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၂၄)စာစောင်၊ စာတည်းမှူး၏ “စာဖတ်သည့်အလေ့အကျင့် ပြုစုပျိုးထောင်ပါ” ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အထက်တန်း ကျောင်းသူ၊ ကျောင်းသားများနှင့် ကျင်းပခဲ့သည်။