သတင်းများ

ရွှေပြည်သာမြို့နယ်တွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jan 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီတွင် အမှတ်(၂၃)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Jan 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများစာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုလက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အင်းစိန်မြို့နယ်၊ငါးလုပ်ငန်းဦးစီးဌာနနှင့် သစ်တောဦးစီးဌာနရုံးများသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ပြည်သူ့စာကြည့်တိုက်တွင် "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ" ကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။                                                         
ရမည်းသင်ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်
Jan 16,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို ယနေ့နံနက် ၈ နာရီခွဲက ရမည်းသင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ ရုံးအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကွတ်ခိုင်မြို့နယ်၊ အထက(မြို့မ)ကျောင်းတွင်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေး
Jan 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ အထက(မြို့မ) အခြေခံပညာကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ထိုးနှံပေးခဲ့ကြောင်းသိရသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်များက အထက(မြို့မ) ကျောင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား/ကျောင်းသူ(၂၁၉)ဦးအား ထိုးနှံပေးခဲ့ပါသည်။
အမာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Jan 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၁) နာရီ အချိန်ကစာဖတ်ဝိုင်းပြုလုပ် ဆောင်ရွက်ခဲ့သည်။
တိုက်ကြီးမြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကြည့်ရှုစစ်ဆေး
Jan 16,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ယနေ့နံနက်ပိုင်းက တိုက်ကြီးခရိုင် / မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
တောင်ငူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ
Jan 16,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်(ပထမနှစ်ဝက်) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  မြတ်ပညာခန်းမ၌ ကျင်းပသည်။