မိုးနဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နားခံ (အ.ထ.က)ခွဲကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ

မိုးနဲ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းခွဲ နားခံကျောင်း၌ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ပညာရေးမှူး၊ ‌ကျောင်းအကျိုးတော်ဆောင်များ ၊ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နားခံအခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသူလေးများက  “ဘက်စုံပညာဂုဏ်ရည် တို့လှမ်းချီ” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကျောင်းအုပ်ဆရာကြီး ဦးနေဇာထွန်းက ကျောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။       

ထို့နောက် ကျောင်းတွင်း ကာယဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာအကအလှများဖြင့် သီဆိုဖျော်ဖြေကပြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)