မန်တုံ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲ(၁:၀၀)နာရီ အချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၂၄)စာစောင်၊ စာတည်းမှူး၏ “စာဖတ်သည့်အလေ့အကျင့် ပြုစုပျိုးထောင်ပါ” ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အထက်တန်း ကျောင်းသူ၊ ကျောင်းသားများနှင့် ကျင်းပခဲ့သည်။
စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနများ၌ ကျောင်းသားလူငယ်၊ လူရွယ်အတွက် စာဖတ်စွမ်းရည်များ ဆောင်ရွက်ပေးခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေမှရရှိသော ဗဟုသုတများဖြင့် အများအကျိုး ဆောင်ရွက်နိုင်စေရန်၊ လူတိုင်းစာဖတ်ခြင့် အလေ့အထဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။
ထို့နောက် မလွေးအီကစ် (Grade-9)မှ ဖွံ့ဖြိုးတိုးတက်၍ တရားမျှတမှုရှိပြီး အေးချမ်းသာယာသော နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာတွင် အဓိကနှင့် အခြေခံလိုအပ်ချက်မှာ နိုင်ငံအတွင်းရှိ နိုင်ငံသားပြည်သူများ၏ အသိဉာဏ်ပညာရေချိန်မြင့်မားရေး၊ စာတတ်မြောက်ရေးနှင့် စာဖတ်ကြရေးတို့ပင်ဖြစ်သည်။ စာဖတ်ခြင်းသည် လူတစ်ဦးချင်းစီ၏ ကြီးပွားတိုးတက်စေရေး အထောက်အကူဖြစ်စေနိုင်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူဖြစ်စေပါကြောင်း စာပိုဒ်အားလည်းကောင်း၊ မအေးကျင် (Grade-8) စာဖတ်ခြင်းဖြင့် အသိဗဟုသုတကို တိုးပွားစေ၍ မှားသောအယူအဆ အစွဲအလမ်းများကို ပျောက်ပျက်စေနိုင်ကြောင်း အစရှိသည့် စာပိုဒ်အားလည်းကောင်း၊ မအေးဖောင်(Grade-7) မှ အသိပညာ၊ အတတ်ပညာ ကြီးမားကျယ်ပြန့်စေရန် အကောင်းဆုံးနှင့် အလွယ်ဆုံးနည်းလမ်းသည် စာပေဖတ်ရှုမှတ်သားခြင်းဖြစ်ကြောင်း အစရှိသည့် စာပိုဒ်အားလည်းကောင်း၊ အသိပညာ၊ အတတ်ပညာဖွံ့ဖြိုးတိုးတက်မှ လူ့ဘောင်လောက ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း အစရှိသည်များကို တက်ရောက်လာသူ ကျောင်းသူများမှ အသီးသီ ယှဉ်ပြိုင်ဖတ်ကြား ဆောင်ရွက်ခဲ့ပါသည်။
မြို့နယ်(ပြန်/ဆက်)