သတင်းများ

မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ (၄၆)ကြိမ်မြောက် အသံမစဲမဟာပဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 16,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ (၄၆)ကြိမ်းမြောက် အသံမစဲမဟာပဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနား မုဒ်ဦးအား မင်းဘူးမြို့ ရွှေတွင်းကျောင်းတိုက် ပဓာနနာယက မြို့နယ်ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တသာသန နှင့်အတူ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ် ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုတို့က တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ကြသည်။
မှော်ဘီမြို့နယ်တွင် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း (အခမဲ့)ဖွင့်လှစ်
Jan 16,2023
ကျေးရွာနေပြည်သူများ လုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြစ်ကျိုးအုပ်စု၊ အမောက်ဝဲကျေးရွာအား (Smart Village) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်း အဆိုပါကျေးရွာရှိ ကံထူးအောင်ကျောင်းတိုက်တွင် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်း သိမ်းနည်းသင်တန်းကို မှော်ဘီခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ (အခမဲ့)ဖွင့်လှစ်ပေးသည်။
ဟင်္သာတ မြို့နယ်တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်း (၁/၂၀၂၃) ဖွင့်လှစ်
Jan 16,2023
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိ သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းကျောင်း သင်တန်းခန်းမတွင် ယနေ့ နံနက် ၉ နာရီက ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုး‌ဆွေဝင်း ပြည်တက္ကသိုလ်စာကြည့်တိုက်အသစ်ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်
Jan 16,2023
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုး‌ဆွေဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ပြည်တက္ကသိုလ်စာကြည့်တိုက်အသစ်ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ကျေးရွာစာကြည့်တိုက်များ ငွေပဒေသာပင် ရန်ပုံငွေကြီးကြပ် မှုကော်မတီအဖွဲ့ဝင်များတွေ့ဆုံလမ်းညွှန်မှုခံယူပွဲကျင်းပ
Jan 16,2023
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုနှင့်ကျေးရွာစာကြည့်တိုက်များ ငွေပဒေသာပင် ရန်ပုံငွေကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ တွေ့ဆုံလမ်းညွှန်မှုခံယူပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။
ဘားအံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Jan 16,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်း များအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နည်းဥပဒေညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်သားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jan 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နည်းဥပဒေညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်သားများနှင့် အချက်ပြများတစ်ပြေးညီဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထီးချိုင့်မြို့နယ် (Community Centre)ခန်းမ၌ ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်း ပြုလုပ်
Jan 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။