တောင်ငူတက္ကသိုလ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကျင်းပ

တောင်ငူ ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူတက္ကသိုလ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ တောင်ငူတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမြတ်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမ များ၊ ကျောင်းသားကျောင်းသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ထို့နောက် အဖွင့်ပွဲစဉ်အဖြစ် ဘော်လီဘောပြိုင်ပွဲ (အမျိုးသမီး) ပွဲစဉ် သင်္ချာဘာသာရပ်အသင်းနှင့် ဓာတုဗေဒဘာသာရပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဓာတုဗေဒအသင်းက အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဘော်လီဘောပြိုင်ပွဲကို ဘာသာရပ်ပေါင်းစုံမှ အမျိုးသား (၁၁) သင်းနှင့် အမျိုးသမီး (၁၁) သင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပြိုင်ပွဲများကို ၂၀-၁-၂၀၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)