မြောက်ဦး ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီမှ အိမ်ထောင်စုစာရင်းအမှန်ရရှိနိုင်ရေး ဆွေးနွေးပွဲကို ထမ္မရာဇ်ရပ် ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီမှ အိမ်ထောင်စုစာရင်း အမှန်ရရှိနိုင်ရေး ဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းကျော်မှ မြောက်ဦးမြို့နယ်အတွင်း လူဦးရေ စာရင်းမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် မြေပြင်တစ်အိမ်တက် တစ်အိမ်ဆင်း ကောက်ယူရာတွင် အမှားအယွင်း မရှိစေရေးနှင့် မြေအမှန်စာရင်းရရှိနိုင်စေရန်၊ တစ်ရက်လျှင် မိမိတို့ရပ်ကွက်အလိုက် ပြီးစီးနိုင်မှု နှုန်းထားယခုထက်ပိုမိုမြန်ဆန်ရန်နှင့် ကောက်ကွက်အလိုက် လူဦးရေစာရင်းများ ပြီးစီးနိုင်မှု သည်လည်း ပါတီစုံဒီမိုကရေစီ မကျင်းပမီ အချိန်မှီပြီးစီးနိုင်ရန် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်တို့ကို မှာကြားခဲ့သည်။ ထို့နောက် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက် ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးရဲထွန်းမှလည်း မြေပြင်အမှန်ကွင်းဆင်း စစ်ဆေး နိုင်မှုအခြေအနေနှင့် ယခုကွင်းဆင်းကောက်ယူရာတွင် သက်ဆိုင်ရာ ဌာနများမှလည်း တိကျမှုနှင့် မြန်ဆန်နိုင်စေရန် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိသည်တို့ကို ပြောကြားခဲ့ပြီးနောက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များမှလည်း မိမိတို့တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာ၊အုပ်စုများတွင် မြေပြင်အမှန်အိမ်ထောင်စု စာရင်း ကောက်ယူနိုင်မှု အခြေအနေတို့ကို ဆွေးနွေးပြောကြားခဲ့ပြီးနောက် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းကျော်မှ လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင် ( ပြန်/ဆက် )