အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဘဝအောင်မြင်ရေး အခြေခံအကြောင်းများခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

အမ်း ဇန်နဝါရီ ၁၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမတွင် စာပေမြတ်နိုးသူ Book Club အသင်းဝင်လူငယ်များနှင့် ဘဝအောင်မြင်ရေးအခြေခံအကြောင်းများခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းကို လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ တီထွင်ဖန်တီးလိုစိတ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများကျင်းပပေးရခြင်းရည်ရွယ်ချက်နှင့် ဒို့ကျေးရွာဂျာနယ် အတွဲ (၁၉)အမှတ် (၂၀)ပါ ဆောင်းပါးရှင်ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ဘဝအောင်မြင်ရေး အခြေခံအကြောင်းများဆောင်းပါးမှ အမြင်မှားအတွေးမှားမရှိစေရဘဲ အမြင်မှန်အတွေးမှန်ရှိကြစေဖို့အရေးဟာ အခြေခံကျကျအဓိကအချက်ပါကလားလို့ သဘောပေါက်ခဲ့ရပါတယ်။ ဒီအချိန်မှာ မှန်ကန်တဲ့အမြင် မှန်ကန်တဲ့ခံယူချက် မှန်ကန်ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ရွှေးချယ်ဆုံးဖြတ်ပြီး ရဲရဲဝံဝံပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးဆက်နိုင်ကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြတ်နိုးသူ Book Club အသင်းဝင် ကျောင်းသားမောင်အောင်နိုင်က မိမိဘဝရဲ့ တိကျတဲ့ပန်းတိုင်တစ်ခုရွှေးချယ်ဆုံးဖြတ်ရမယ်၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ရဲရင့်မှု၊ ဇွဲသတ္တိရှိမှုအား ကောင်းတဲ့ဘက်ကနိုင်စမြဲပါကြောင်းဆွေးနွေးခဲ့ပြီး မောင်တင်ထွန်းကက ဗဟုသုတအချက်အလက်တွေ များများသိမြင်လေလေ၊ အတွေးအခေါ်မှန်ကန်ဆုံးဖြတ်ချက်မှန်၊ လမ်းကြောင်းမှန်၊ နား၊ မျက်စိ အသိညာဏ်ဟာ လူတစ်ယောက်ရဲ့တန်ဖိုးနဲ့အဆင့်နေရာကို ပြဋ္ဌာန်းတာဖြစ်ပါကြောင်း ဆွေးနွေးပြောကြား၍ သိရှိလိုသည်များမေးမြန်းရာ မြို့နယ်ဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း