သတင်းများ

ကွတ်ခိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Jan 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကွတ်ခိုင်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ကိုဆောင်ရွက်ခဲ့သည်။
ဝါးခယ်မမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
Jan 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရွှေခယ်သီရိအားကစားခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ  ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းပြားမြို့၌ လူစွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ
Jan 16,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လူငယ်သင်တန်းကျောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်းပြီး လူငယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့က မင်းပြားမြို့ရှိ အဆိုပါ သင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပုလောမြို့နယ်အတွင်း အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းကျောင်းသူ/သားများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose)ထပ်ဆောင်း ဆက်လက်ထိုးနှံပေးခြင်းဆောင်ရွက်
Jan 16,2023
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ(၁၂) နှစ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက  အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း၌  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆရာမများနှင့်ဝန်ထမ်းများက ထိုးနှံပေးကြရာပညာရေးဌာန ဆရာ/မများက ပူးပေါင်း ကူညီပေးကြကြောင်း သိရသည်။
မင်းလှမြို့တွင် တရားမဝင်အိမ်သုံးဆေးဝါးအတုများနှင့် Very good တံဆိပ်ပါကော်ဖီမစ်များရောင်းချခြင်း ရှိမရှိစစ်ဆေး
Jan 16,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မြို့မစည်ပင်သာယာဈေးအတွင်း တရားမဝင်အိမ်သုံးဆေးဝါးအတုများနှင့် Very good အမှတ်တံဆိပ်ကော်ဖီမစ်များ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်း ဆက်သွယ်ရေးနည်းပညာ (ICT)အသုံးချမှု တိုးတက်မြှင့်မားလာစေရေး နည်းပညာပိုင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပေး
Jan 16,2023
ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်း ခေတ်မီနည်းပညာသုံး အီလက်ထရောနစ်ပစ္စည်းများကို လက်တွေ့အသုံးချနိုင်ရေးနှင့် နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို သိရှိနားလည်ပြီး ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများအား ဖွင့်လှစ်ပို့ချပေးသည့် နည်းပညာပိုင်းဆိုင်ရာသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပဟေဠိပြိုင်ပွဲများကျင်းပ
Jan 16,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျောင်း ား/ကျောင်းသူများအား တီထွင့်ကြံဆတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ “ စာဖတ် ရှိန်မြှင့်တင်ရေးအတွက်”   ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။       
တရားမဝင်ငါးဖမ်းဆီးမှု မရှိရေး ဘိုကလေးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး
Jan 16,2023
တရားမဝင် ငါးဖမ်းဆီးမှုမရှိစေရေးနှင့် ငါးမျိုးသယံဇာတ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့ နေ့လယ် (၂) နာရီခန့်တွင် ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စုရှိ ရွှေထူးရေရိုး အတွင်း၌ ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့သည်။