ရမည်းသင်းခရိုင်အဆင့်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်

ရမည်းသင်း  ဇန်နဝါရီ   ၁၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို ယနေ့နံနက် ၈ နာရီခွဲက ရမည်းသင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယ ညွန်ကြားရေးမှူးဒေါ်ဇာမွန်ဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက် များကိုရှင်းလင်းပြောကြား သည်။

 အဆိုပါသင်တန်းကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးတို့တက်ရောက်ကြသည်။

ရမည်းသင်းခရိုင်အတွင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယ ညွန်ကြားရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်၊ ရမည်းသင်းခရိုင်မိုးလေဝသနှင့် ဇလဗေဒညွန်ကြားရေးမှူး ဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်တင်တင်ချို၊ခရိုင် မီးသတ်ဦးစီးမှူး၊ဦးအောင်ခင်ဆင့်နှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ ၊တပ်ဖွဲ့မှူးဦးမျိုးလွင်တို့က ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ သဘောတရားများ နှင့်ဘေးအန္တရာယ်ကြောင့်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစက်ဝန်း၊မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်များအကြောင်း၊ ရာသီဉတုပြောင်းလဲခြင်းနှင့်သက်ရောက်မှုများ၊ ဖွံဖြိုးရေး စီမံကိန်းများတွင် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေလျော့ချခြင်းကို ထည့်သွင်းရေးဆွဲခြင်း၊ ကြိုတင်အသိပေးခြင်းအပေါ် ခြုံငုံလေ့လာခြင်း၊ ရပ်ရွာလူထုအခြေခံသော ဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ အရေးပေါ်ကာလ ပြည်သူ့ကျန်းမာရေးလုပ်ဆောင်ခြင်းနှင့် ဝန်းကျင်သန့်ရှင်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လေ့လာခြင်းစသည့်ပညာရပ်တို့ကို ဇန်နဝါရီ ၁၆ ရက်မှ ၁၈ ရက်နေ့ထိ အစုအဖွဲခွဲကာစာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ဖြစ်ကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)