ရမည်းသင်းမြို့ သာသနာ့ဗိမ္မာန်မြေနေရာ(၃.၁၇)ဧကကို နိုင်ငံတော်မှ အခွန်လွတ်သာသနာ့မြေဂရန်အပ်နှံ ဆက်ကပ်ပွဲအခမ်းအနားကျင်းပ

ရမည်းသင်း  ဇန်နဝါရီ   ၁၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းသာသနာ့ဗိမ္မာန်မြေနေရာ(၃.၁၇)ဧကကို နိုင်ငံတော်မှ အခွန်လွတ်သာသနာ့မြေဂရန်အပ်နှံ ဆက်ကပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ဝါတိုးရပ်ကွက်ကြီးရှိ သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဗဟို/တိုင်း သံဃာဝန်ဆောင်ဆရာတော်ကြီးများ၊ မြို့နယ်သံဃာနာယကအဖွဲ့ဆရာ တော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ပူဇော်ကန်တော့ကြကာ နိုင်ငံတော်ဩဝါဒါစရိယ၊ နဘူကျင်းရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသ ဆရာတော်ကြီးထံမှ တက်ရောက်လာသည့် ဧည်ပရိသတ်များမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ နဘူးကျင်းရွာဦးကျောင်း ဆရာတော်ကြီးထံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက အခွန်လွတ်သာသနာ့မြေဂရန်အပ်နှံဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက ဩဝါဒမိန့်ကြားပြီး ဧည့်ပရိသတ်များမှခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် သာသနာ့ဗိမ္မာန်မြေနေရာ(၃.၁၇)ဧကကို နိုင်ငံတော်မှ အခွန်လွတ်သာသနာ့မြေဂရန် အပ်နှံဆက်ကပ်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာတော်ကြီးများ၊ ဧည့်ပရိသတ်များမှ ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)