ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဘက်စုံးဖွံ့ဖြိုးရေးနှင့် အများနှင့် ပူးပေါင်းပါဝင် ဆွေးနွေးဟောပြောတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းကို၊ ယနေ့မွန်လွဲ(၁)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ လေးရွာအခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် လေးရွာအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် Grade-11 ကျောင်းသူ မဆောင်းနှင်းမေကလည်းကောင်း၊ လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် Grade- 8 ကျောင်းသား မောင်ကြယ်စင်ထွဋ်ခေါင်ကလည်းကောင်း၊ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် Grade-10 ကျောင်းသား မောင်မြင့်မြတ်သူကျော်ကလည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပြီး၊ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် သိရှိလိုသည့်မေးခွန်းများကို ကျောင်းသားကျောင်းသူများက ပါဝင်မေးမြန်း ဆွေးနွေးကြရာ၊ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေး၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရပြီး၊ ပါဝင်ဆွေးနွေးသည့် ကျောင်းသားကျောင်းသူများနှင့် တာဝန်ရှိသူများက အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ လေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်များ စုစုပေါင်းအင်အား ၁၃၅ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)