စစ်ကိုင်း ဇန်နဝါရီ ၁၇
စစ်ကိုင်းခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား (ဖူဆယ်) ဘော့လုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နှစ် (၇၀၀) အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ပြိုင်ပွဲဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအေးကိုကိုက အားကစားဆောင်ရွက်ခြင်းဖြင့် မြို့နယ်၏ဂုဏ်၊ နိုင်ငံ၏ဂုဏ်ကို မြှင့်တင်ရမည်၊ အမျိုးသားအားစား တိုးတက်ရေး လူချွန်လူကောင်းပျိုးထောင်ပေး၊ ဇာတိသွေးမာန်ထက်သန်ရန် အားကစားက အခြေခံ စသည့်ဆောင်ပုဒ်များနှင့်အညီ အားကစားပြိုင်ပွဲအမျိုးမျိုးကို ကျင်းပပေးလျှက်ရှိကြောင်း၊ အားကစားလှုပ်ရှာကစားခြင်းဖြင့် တစ်ကိုယ်ရည်ကျန်းမာရေးအတွက် အထောက်အကူပြုပေးပြီး ကျန်းမာရေးကောင်းမွန်မှသာ မိမိတို့ရဲ့ရည်ရွယ်ချက်/မျှော်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားသွားကြပါလို့ အထူး မှာကြားလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များမှ အမျိုးသား (ဖူဆယ်) ဘော့လုံးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို အသင်း (၃) သင်း ပတ်လည်စနစ် ဖြင့်ယှဉ်ပြိုင်သွားမှာဖြစ်ကာ ဖွင့်ပွဲတွင် စစ်ကိုင်းမြို့နယ်နှင့် မြောင်မြို့နယ် အသင်းတို့ စတင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရဿည်။
ဇော်မြင့်နိုင် စစ်ကိုင်းခရိုင် (ပြန်/ဆက် )