ကလော ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများလျှော့ချနိုင်ရေး၊ တရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေး၊ ဌာနဝင်ငွေတိုးတက်ရရှိရေး၊ လျှပ်စစ်အန္တရယ်ကင်းရှင်းရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်ကာ ကလောမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများက ၃၃ ကေဗွီဓာတ်အားလိုင်းနှင့် ၁၁ ကေဗွီဓာတ်အားလိုင်းမှ ဓာတ်အားရယူသော ရပ်ကွက်/ကျေးရွာအတွင်းရှိ ဓာတ်အားလိုင်းနှင့်မလွတ်သော သစ်ကိုင်းသစ်ခက်များကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှု မရှိစေရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများတွင် တပ်ဆင်အသုံးပြုလျက်ရှိသော မီတာများမရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။ ယင်းသို့ဆောင်ရွက်မှုများကို လစဉ် သတ်မှတ်ရက်များအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူ၏ပြောကြားချက်အရသိရသည်။
မြို့နယ်(ပြန်/ဆက်)