မိုးကောင်း ဇန်နဝါရီ ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များက စာရေးဆရာအတ္တကျော်၏ “မီးငယ်တို့ အသိကြွယ်ဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ (၃) နာရီခွဲတွင် ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က စာအုပ်တွေထဲကပေးတဲ့ ပီတိခေါင်းစဉ်ပါ အသိပညာပေးအခန်းကဏ္ဍများနှင့် စတင်မိတ်ဆက်ပြောကြားခဲ့သည်။
ဆက်လက်၍ အဖွဲ့ဝင်မခင်ချိုမြင့်မှ ကိုယ်ခန္တာအပြောင်းအလဲ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနှင်းသီရိချိုက ပြင်ပလက္ခဏာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဖြိုးရတနာထွန်းက လေ့ကျင့်ခန်းနှင့် သတိထားစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားသည်။
ထိုနောက် စာဖတ်ဝိုင်းမှ အပျိုဖော်ဝင်ချိန်အရွယ် ခန္တကိုယ်အပြောင်းအလဲ၏ သိသင့်သိထိုက် သည်များကို တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးပြောကြားကြောင်း သိရသည်။
သန်းလွင်ဦး (ပြန်/ဆက်)