သတင်းများ

အသက် ၁၂ နှစ်အောက် ​ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Myancopharn ထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်
Jan 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင်  ယမန်နေ့နံနက် ၉ နာရီအချိန်၌ မြို့နယ်ကျန်းမာရေးဌာနက အသက် ၁၂ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Myancopharm ကို ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
လိပ်သိုမြို့လမ်းဦးစီးဌာနမှ  မြို့တွင်းဖြတ်ပြည်ထောင်စုလမ်းပေါ်ရှိ   Box Culvert များတည်ဆောက်ကတ္တရာခင်းခြင်းလုပ်ငန်းများပြီးစီးပြီဖြစ်၍ အသုံးပြုမှုပိုမိုအဆင့်ပြေချောမွေ့
Jan 17,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့လမ်းဦးစီးဌာနသည် တောင်ငူ လိပ်သို-လွိုင်ကော်-ဟိုပုန်း NH (21) ပြည်ထောင်စုလမ်းအား သဘာ၀ဘေးဒဏ်ကြောင့်လမ်းပျက်စီးမှုနည်းပါးစေရန်၊ ရေရှည်တည်တံ့အသုံးပြုနိုင်ရန် လမ်းကြံ့ခိုင်ရေးလုပ်ငန်းများကိုအစဉ်တစိုက်ပြုပြင်ထိန်းသိမ်းလျက်ရှိကြောင်းသိရသည်။
မှော်ဘီမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်သောလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jan 17,2023
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် မြစ်ကျိုးအုပ်စု၊ အမောက်ဝဲကျေးရွာအား ခေတ်မှီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့၊ နံနက်ပိုင်းက အဆိုပါကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ရာသီသီးနှံများနှင့် နေကြာသီးနှံစိုက်ခင်းများကို တိုင်းဒေသကြီးတာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် ဘွတ်ကြိုးဝိုင်းအတွင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင်အကွက်တွင် ကျွန်းပင် ၂၀၀၀ စိုက်ပျိုး
Jan 17,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ဘွတ်ကြိုးဝိုင်းအတွင်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေးနှင့် သစ်ထုတ်လုပ်မှုမြင့်မားလာစေရေးအတွက် အရှိန်အဟုန်မြှင့်စီမံဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူပိုင်အကွက်၌ ကျွန်းပင် ၂၀၀၀ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပေါက်တောမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသူကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (Booster dose)ထိုးနှံ
Jan 17,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ (၅)လပြည့်ပြီးသော အသက် (၅) နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများအား (Myancopharm) ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (Booster dose) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူ(၈၁၀) ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံပေး
Jan 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Myancopharm) အပိုဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီကစ၍ အမှတ်(၂၇) အခြေခံပညာမူလတန်းတန်းကျောင်းစုရပ်နှင့် အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်းစုရပ်တို့၌ စတင်ထိုးနှံပေးကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jan 17,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မြို့နယ်အတွင်းရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မြေပြင်ကွင်းဆင်းတစ်အိမ်တက်ဆင်းကောက်ယူမှု အိမ်ထောင်စု(၃၆၉၇၆)စု ကောက်ယူပြီးစီး
Jan 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၉ ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာများအလိုက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၄ ရက်နေ့အထိ ကောက်ယူခဲ့သော စာရင်းများအရ အိမ်ထောင်စု (၃၆၉၇၆)စု ကောက်ယူနိုင်ပြီးဖြစ်ကြောင်း သိရှိရသည်။