ပန်းတောင်းမြို့နယ် ကြခတ်ရပ်ကွက်တိုးချဲ့ကွက်သစ်ရှိ ဆင်းရဲနွမ်းပါးသူများအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၁)ပြည်နှုန်းလှူဒါန်း

ပန်းတောင်း ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကြခတ်ရပ်ကွက်တိုးချဲ့ကွက်သစ်ရှိ ဆင်းရဲနွမ်းပါးသူများအား ယနေ့နံနက် (၉:၀၀) အချိန်ကအိမ်ထောင်စုတစ်စုလျှင် ဆန်(၁)ပြည်နှုန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းရာတွင် ဆရာကြီးဦးသောင်းစိန်မိသားစု (နေပြည်တော်)မှ ဆင်းရဲနွမ်းပါးသူများအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၁)ပြည်နှုန်း​​​ဖြင့်ကြခတ်တိုးချဲ့ကွက်သစ်ရှိ အိမ်ထောင်စု (၈၀) စုအားလှူဒါန်းခဲ့ရာ အလှူရှင်များကိုယ်စား ဦးကံမြင့်နှင့်ကြခတ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးကျော်နှင့်အဖွဲ့ဝင်များက လိုက်လံလှူဒါန်းခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ ဆက်)