တီးတိန်၌ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲ ပြုလုပ်

တီးတိန်   ဇန်နဝါရီ   ၁၉

ချင်းပြည်နယ်၊ တီးတိန်မြို့၌ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို အထက(၁)တီးတိန် စံကိုက်ညီကျောင်းဆောင်တွင် ဇန်နဝါရီ ၁၈ရက်နေ့ နံနက်၁ဝနာရီက ပြုလုပ်သည်။

ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူးဦး ဖြိုးဝင်းသန်းနှင့်မြို့နယ် ရဲတပ်ဖွဲ့မှူး၊ရဲမှူး သန်းထွေးတို့က အမှာစကားပြောကြားရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာခြင်း သည် မိမိအသက်အန္တရယ် ကိုကာကွယ်ကယ်တင်ခြင်း ဖြစ်ကြောင်း၊ နောင်တွင်လူကြီးဖြစ်မည့် လူငယ်များ စည်းကမ်းလိုက်နာကြရန် အထူးလိုအပ်ကြောင်းစသည်များ ပြောကြားခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိဦးဒိုရှန်းမုန်၊ တီးတိန်မြို့မရဲစခန်းမှခေတ္တစခန်းမှူး၊ ဒုရဲမှူးရဲသူရ၊ ရဲအုပ်မင်း ထွန်းဦးတို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သော ဥပဒေများ၊ ဥပဒေဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းဟောပြောပြီး တီးတိန်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှလက်အချက်ပြများ သရုပ်ပြပညာပေးခဲ့သည်။

အဆိုပါဟောပြောပွဲသို့အထက(၁)မှ ကျောင်းသား၊ ကျောင်းသူများဆရာ၊ ဆရာမများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များတက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)