ဇေယျာသီရိ ဇန်နဝါရီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်၊ အမှတ်(၁) အခြေခံပညာအ ထက်တန်းကျောင်းသို့ ရုရှားနိုင်ငံ MEPHI University မှ Dr.Irina Dobrydina head of international admissions of MEPHI University နှင့် Mariam Korkmazova manager of international admin department of MEPHI University တို့က ယနေ့နံနက်ပိုင်းက လာရောက်လေ့လာတွေ့ဆုံခဲ့သည်။
လေ့လာတွေ့ဆုံပွဲအခမ်းအနားသို့ နေပြည်တော်တိုင်းပညာရေးမှူးရုံးမှ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦး၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်လွင်နှင့် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေး၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်း သား/သူလေးများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားနေမှုအခြေအနေများနှင့် မိမိတို့ကျောင်းမှ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီးနောက် Mariam Korkmazova က MEPHI University တွင် သင်ကြားပို့ချနေသည့် ဘာသာရပ်များနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးပါက MEPHI University တွင် တက်ရောက်ပညာသင်ကြားနိုင်သည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက MEPHI University တက်ရောက်နိုင်ရေး လိုအပ်သည့်အရာများနှင့် သင်ယူတတ်မြောက်ပြီးပါက ရရှိလာနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း မေးမြန်းဆွေးနွေးခဲ့ရာ Mariam Korkmazova ပြန်လည်ဖြေကြားပေးခဲ့သည်။
ထွန်းလင်း(ဇေယျာမြေ)