ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ပညာရည် ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) အမှတ်(၂) အလယ်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆု ပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရဲမြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးသန်းထွန်း‌အောင်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် မိမိတို့ပညာရေးဌာန၊ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး၊ ယခုကဲ့သို့ ထူးချွန်ကျောင်းသားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြ‌ရေးပြောကြာပြီး၊ အ.ထ.က (ခွဲ) မှ ကျောင်းအုပ်ဆရာကြီးက ယခုလိုဆုပေးပွဲနှင့် စုံညီပွဲတော် ဖြစ်မြောက်‌ရေးအတွက် ဝိုင်းဝန်းကူညီခဲ့ကြသည့် အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင် များ၊ ကျောင်းသား မိဘများ၊ ကျောင်းရှိ ဆရာ၊ ဆရာမများအား ကျေးဇူးတင်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကျောင်းပညာ ရေးသာမက အခြား ဘက်စုံထူးချွန်ရေး တို့အတွက် မိဘ/ဆရာ/ ကျောင်းသားတို့မှ ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမှာ ဖြစ်ပါ ကြောင်း စသည်ဖြင့်ပြောကြားသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဘက်စုံထူးချွန်ဆု ရ ကျောင်းသား၊ ကျောင်းသူများနှင့်ဆုရရှိအောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများကို ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် အကများဖြင့် ကပြ၊ သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဝေယံ (IPRD)