တွံတေး ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ထပ်ဆောင်းကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် အခြေခံပညာမူလတန်းကျောင်း၊ အိုးဖို( မင်းပိုင်း)ကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏စီမံမှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက အ.မ.ကကျောင်း၊ အိုးဖို(မင်းပိုင်း)ကျောင်းအတွင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး တတိယအကြိမ် ထပ်ဆောင်း ကာကွယ်ဆေး (MYANCOPHARM)ကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၁)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံကြရန် လိုအပ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက မိဘပြည်သူများအား နှိုးဆော်ထားကြောင်း သိရှိရသည်။
တွံတေးသား