ရမည်းသင်းမြို့၌ ငလျင်သဘာဝဘေးကယ်ဆယ်ရေး  လက်တွေသရုပ်ပြလေ့ကျင့်

ရမည်းသင်း  ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဦးဆောင်မှုဖြင့် ၊ရမည်းသင်းမြို့ နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းစီစဉ်မှုဖြင့် ငလျင်သဘာဝဘေးကယ်ဆယ်ရေး ဇာတ်တိုက်လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက်၁၀နာရီခွဲခန့်က အမှတ်(၅) မြို့မအခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သဘာဝဘေးအန္တရာယ်ကြုံတွေ့တဲ့အခါ လက်တွေ့လိုက်နာဆောင်ရွက်သင့်တဲ့အချက်တွေကိုသိရှိလိုက်နာပြီး ဘေးအန္တရာယ်ကြုံတွေ့မှုတွေလျော့နည်းသက်သာစေဖို့ရည်ရွယ်ပြီး အခုလိုငလျင်သဘာဝဘေးကယ် ဆယ်ရေးလက်တွေ့သရုပ်ပြလေ့ကျင့်တာကိုဆောင်ရွက်တာဖြစ်ပြီး သဘာဘေးအန္တရာယ်က ကြိုတင်မှန်းဆလို့မရနိုင်ဘဲ နေရာဒေသမရွေးကြုံတွေ့နိုင်တာမို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်ဟု အဆိုပါလက်တွေ့သရုပ်ပြလေ့ကျင့်ခြင်း  အစီအစဉ်တွင်ပါဝင်ဆောင်ရွက်သည့်မြို့နယ် မီးသတ်ဦးစီးမှူးဦးသူရလင်းက ပြောသည်။    

အဆိုပါသဘာဝဘေးကယ်ဆယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်တွင် ငလျင်ဘေး လေဘေး၊မီးဘေးစသည့်ဖြစ်ပွားဖြစ်စဉ်ရှာဖွေကယ်ဆယ်ခြင်းသရုပ်ပြခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်း နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများကတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာမွန်ဦး ရမည်းသင်းခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ခရိုင်ဦးစီးမှူးဒေါ်ဇင်မာထွန်းနှင့်ဝန်ထမ်းများ ၊  ခရိုင်မီးသတ်ဦးစီးဌာနမှ မြို့နယ် မီးသတ်ဦးစီးမှူးနှင်မီးသတ်တပ်ဖွဲ့ဝင်များ  မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ပရဟိတလူမှု ကူညီရေးအသင်းအဖွဲ့များနှင့်အမှတ် (၁)၊မြို့မအထက ကျောင်းမှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများက ပူးပေါင်းကာလက်တွေ့ဆောင်ရွက်နေမှုကြည့်ရှု့အားပေးခဲ့ကြောင်းသတင်းရရှိသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)