သတင်းများ

ကျိုက်လတ်၌ ကျောင်းကျန်းမာရေး ဆရာဖြစ်သင်တန်းဖွင့်
Jan 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၊ မြစန္ဒီခန်းမတွင် ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး ဆရာဖြစ် သင်တန်းဖွင့်ပွဲကျင်းပခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအသိပညာပေးဟောပြောပွဲကျင်းပ
Jan 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ကျင်းပသော အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပသည်။
မိုင်းလုံမြို့တွင် နယ်မြေမီးသတ်စခန်းမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ နှိုးဆော်
Jan 19,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပွင့်လင်းရာသီရောက်ရှိလာတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နယ်မြေမီးသတ်စခန်းမှ မြို့ပေါ်ရပ်ကွက်များအတွင်း ယမန်နေ့က မီးသတ်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော်လျက်ရှိ‌‌ကြောင်း သိရသည်။
တောင်ငူပညာရေးဒီဂရီကောလိပ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 19,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်တွင်  တောင်ငူပညာရေးဒီဂရီကောလိပ်၊  မြတ်ပညာခန်းမ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နမ္မတူတွင် စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များ စုစည်း၍ စာဖတ်ဝိုင်းပြုလုပ်
Jan 19,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ စာဖတ်ဝိုင်းကို ယမန်နေ့က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မူးယစ်အန္တရာယ်အသိပညာပေးဟောပြောပွဲ၊ နံရံစာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Jan 19,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဝါတိုးရပ်ကွက်ကြီးအတွင်းရှိ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်သည်။
ပေါင်မြို့နယ် အမက ကဒါမူလွန်ကမ်းနား ကျောင်း၌စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့်ပြပွဲများဆောင်ရွက်
Jan 19,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေးဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲ နှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နေ့လယ် က ပေါင်မြို့နယ် အခြေခံပညာမူလတန်းလွန် ကဒါကမ်းနားကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန  (Community  Centre) ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်
Jan 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေ  ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ စာရေးဆရာ‌ ဆူးသစ်ရေးသားသော "ခွန်အားရှိသောစာ ခွန်အားရှိသော လူငယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို    ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။