သဲကုန်းမြို့နယ်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအ‌ကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်

သဲကုန်း ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်လူမှုဝန်ထမ်းရုံးမှ ပြုလုပ်သည့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို သဲကုန်းမူလတန်းကြိုကျောင်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်မိခင်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေက အဖွင့်အမှာစကားပြောကြား၍  ပြည်ခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေပါ ကလေးသူငယ်များ၏ အခွင့်အရေး၊ ပြည်ခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေပါ ပြစ်မှုပြစ်ဒဏ်များကို အသီးသီး အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ဧည့်သည်များက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင့်နန္ဒာဌေး ၊ပြန်/ဆက်