ပွင့်ဖြူမြို့၌ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်

ပွင့်ဖြူ ဇန်နဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်ရည်ရွယ်၍ မြို့ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက အမှိုက်သိမ်း ယာဉ်ဖြင့် ပွင့်ဖြူ၊ မင်းဘူးသွား ကားလမ်းတစ်လျှောက် လမ်းဘေး(ဝဲ ၊ ယာ)ရှိ စွန့်ပစ်ပလပ်စတစ်အမှိုက်များ   စုပေါင်းကောက်ယူရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် ပွင့်ဖြူ၊ မင်းဘူးသွားကားလမ်းမကြီးတစ်လျှောက် လမ်းဘေး(ဝဲ၊ယာ)နှင့် လယ်ကိုင်း - ကျောင်းတော်ရာ ဆက်သွယ်ဖောက်လုပ်ထားသည့် ကတ္တရာလမ်းမကြီး လမ်းဘေး(ဝဲ၊ ယာ)ရှိ  စည်းကမ်းမဲ့ စွန့်ပစ်ပလပ်စတစ်အမှိုက်များနှင့် သစ်ရွက် ခြောက်အမှိုက်သရိုက်များ ကောက်ယူရှင်းလင်း မီးရှို့ဖျက်ဆီးခြင်း၊ ‌ပြည်သူများ စည်းကမ်းမဲ့ ပလပ်စတစ်အမှုက်များ စွန့်ပစ်ခြင်းမပြုစေရေး အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး လယ်ကိုင်းကျေးရွာရှိ ကျေးလက်စည်ပင်သာယာဈေးဝန်းကျင် သန့်ရှင်းသာယာစေရန် အမှိုက်သရိုက်များနှင့် ပလပ်စတစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်ကန်ရှိ အမှိုက်များ သိမ်းဆည်းခြင်းတို့ကို စနစ်တကျ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ 

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကင်းဝေးပြီး စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရေးအတွက်  မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ်ရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စည်ပင်သာယာဈေးများ သန့်ရှင်းသပ်ရပ်စေရန်အတွက် အမှိုက်များသိမ်းဆည်းခြင်းနှင့် စွန့်ပစ်ပလစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။ 

 လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )