မိုင်းယု ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအားချာက လူငယ်များသည် အနာဂတ်အတွက် အရေးပါသည့်ပုဂ္ဂိုလ်များဖြစ်ကြောင်း၊ ယနေ့လူငယ်များအနေဖြင့် အတွေးအခေါ်မှန်ကန်ပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးဆိုင်ရာများအကြောင်းနှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဗလစသည့် ဗလငါးတန်နှင့်ပြည့်စုံအောင် စာပေဖတ်ရှုခြင်းအလေ့အထကို ပြုစုပျိုးထောင်ထားသင့်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ထမ်းများက လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြကာ အသိပညာပေး အွန်လိုင်းလွှင့်တင်ခဲ့ကြောင်း သိရသည်။
အားချာ