မိုးနဲမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

မိုးနဲ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ အထက်တန်းအဆင့် ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အမှာစကား ပြောကြားပေးခြင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခြင်း၊  ကျောင်းအကျိုးတော်ဆောင် ဦးစိုင်းနွဲ့က သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း‌ ဖော်‌ဆောင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြသူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားပေးခြင်း၊  အ.ထ.က ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်နန်းသန်းသန်း‌ဌေးက  ကျောင်းဖွံ့ဖြိုး‌‌တိုးတက်ရေး လက်ရှိဆောင်ရွက်လျက်ရှိသည့် ကျောင်းတွင်းအခြေအနေများကို ပြောကြားပေးခြင်းနှင့် မိဘဆရာအသင်းအတွင်းရေးမှူး ဦးကျော်စိုးမိုးစိန်က ကျောင်းတွင်း စက်ရေတွင်းတူးဖော်မှုနှင့် ကျောင်းတွင်းလိုအပ်ချက်များအတွက် လှူဒါန်းပေးခဲ့ကြသူများ၊ အဘက်ဘက်မှ ပြီးစီးစေရန် ကူညီပေးခဲ့ကြသူများကို ကျေးဇူးတင်ရှိပါကြောင်း အသီးသီး ပြောကြားပေးခဲ့သည်။ ထို့နောက် ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လှူဒါန်းကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်နန်းသန်းသန်းဌေးမှ ပေးအပ်ခြင်းနှင့် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာရည်ထူးချွန်ဆုရ ကျောင်းသား/သူများနှင့် ဘက်စုံဖွံ့ဖြိုး‌ရေး ကာယ၊ ဉာဏပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ရာ ဆုရရှိသူများနှင့် ထူးချွန်အောင် သင်ကြားပို့ချပေးနိုင်ခဲ့သော ဆရာမများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား/သူ မိဘကိုယ်စားလှယ်များက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်ခဲ့ကြပြီးနောက် ထက်၊ လယ်၊ မူအဆင့် ကျောင်းသား/သူလေးများမှ အကပဒေသာများဖြင့် ပြန်လည်ကပြ ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊  နမ့်စန်ခရိုင် ပညာ‌ရေးမှူးရုံး လက်ထောက်ညွန်ကြားရေးမှူး၊ မြို့နယ်ပညာ‌ရေးမှူး၊ အုပ်စုတူ ဆရာ၊ ဆရာမများ၊‌ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား/သူများ၊ ကျောင်းသား/သူမိဘများ စုပေါင်းအင်အား ၃၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)