သတင်းများ

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ တိရစ္ဆာန်အစာ ဖူလုံစေရန် နေဗီယာမြက် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်
Apr 23,2023
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်ကာ မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပြီး ထိုသို့ မွေးမြူလုပ်ကိုင်ရာ၌ ကျွဲ၊ နွား တိရစ္ဆာန်အတွက် အဓိကလိုအပ်သော တိရစ္ဆာန်အစာဖူလုံစေရန်အတွက် နေဗီယာမြက်စိုက်ပျိုးခြင်းကို တိုးချဲ့လုပ်ကိုင်လာကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သတိပြုကာကွယ်အပူဒဏ်အန္တရာယ်အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ
Apr 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သတိပြုကာကွယ်အပူဒဏ် အန္တရာယ်အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကို ယမန်နေ့ညနေ ၃ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများသောက်သုံးရေအခက်အခဲမဖြစ်ပေါ်စေရန်အတွက် ရေများသွားရောက်လှူဒါန်းပေး
Apr 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်နေပြည်သူများနွေရာသီကာလ သောက်သုံးရေအခက်အခဲမဖြစ်ပေါ်စေရန်နှင့် အဆင်ပြေမှုရှိစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၏စီစဉ်မှုဖြင့် သောက်သုံးရေများသွားရောက်လှူဒါန်းခြင်းကို အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၁၂၅)ရပ်ကွက်ရှိ ပြည်သူ့များထံသို့ ယနေ့ညနေပိုင်းက သွားရောက်လှုဒါန်းပေးခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့မစည်ပင်သာယာဈေး၌ မီးဘေးလုံခြုံ​ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်
Apr 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့မစည်ပင်သာယာဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်းသရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများကို ယ​မန်နေ့နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့​ကြောင်း သိရသည်။
ပျဉ်းမနားမြို့၌ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား
Apr 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ တောင်သာဘုန်းတော်ကြီးကျောင်း၌ နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေး လိမ္မာသင်တန်းဖွင့်လှစ် သင်ကြားပေးလျက်ရှိ သည်။
ငါ့သရောက်မြို့၌ ပုန်းရည်ကြီးလုပ်ငန်းလုပ်ကိုင်ကြသူများအဆင်ပြေ
Apr 23,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ဆည်ကျေးရွာတွင် အစဥ်အဆက် လုပ်ကိုင်လျက်ရှိသော ပုန်းရည်ကြီး လုပ်ငန်း လုပ်ကိုင်ကြသူများ ယခုလိုပွင့်လင်း ရာသီ၌ လုပ်ငန်းတွင်ကျယ်ပြီး ရောင်းအားများ တိုးတက်ကာ လုပ်ငန်းလုပ်ကိုင်နေကြသူများ အဆင်​ပြေသောကြောင့် မိသားစုဝင်ငွေများစွာ ရရှိနေကြောင်း ဆည်ကျေးရွာ ပုန်းရည်ကြီးလုပ်ငန်း လုပ်ကိုင်ကြ သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီတွင် လူထုဖြန့်စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း လေးသောင်း အခမဲ့ ဖြန့်ဝေ စိုက်ပျိုးသွားမည်
Apr 23,2023
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက ယခုလာမည့် ၂၀၂၃ ခုနှစ်  မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး ၊ သဘာဝတောများ ကောင်းမွန်စေရေးနှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်နှင့်  ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရေးအတွက် လူထုဖြန့်အစီအစဉ်ဖြင့် ပျိုးပင်ပေါင်း လေးသောင်း အခမဲ့ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း အဆိုပါမြို့နယ်သစ်တောဦးစီးဌာနရုံးမှ သိရသည်။