သတင်းများ

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မုဒိတာစာဖတ်ဝိုင်းကျင်းပ
Apr 23,2023
စာအုပ်၊ စာပေကိုချစ်မြတ်နိုးသူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက စာအုပ်စာပေဝါသနာရှင်များ၊ စာပေချစ်သူများ Book Club နှင့် မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖောင်းပြင်မြို့တွင် ဘိလပ်မြေအိတ်များ ပြတ်လှပ်
Apr 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဆောက်လုပ်ရေးတွင်အသုံးပြုသည့် ဘိလပ်မြေအိတ်များပြတ်လှပ်နေပြီး ဘာသာရေးကျောင်းများ၊ ပုဂ္ဂလိကအဆောက်အဦးများ၊ ပြည်သူလူထုတို့အနေဖြင့် လူနေအိမ်နှင့်အခြားအဆောက်အဦးများ ဆောက်လုပ်ရန်အတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
ကျောက်ဆည်မြို့တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Apr 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာများအသင်းနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဧပြီ(၂၂)ရက် နံနက်(၉)နာရီက နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် နွေရာသီယဉ်ကျေးလိမ္မာဓမ္မကျောင်းတော်သင်တန်းဆင်းပွဲကျင်းပ
Apr 23,2023
ပျော်ဘွယ်မြို့နယ်၊ ခင်ကြီးယကျေးရွာတွင် နွေရာသီသင်တန်းအဖြစ်ဖွင့်လှစ်ခဲ့သည့် ယဉ်ကျေးလိမ္မာဓမ္မကျောင်းတော်သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါကျေးရွာဘုရားငါးဆူကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Apr 23,2023
မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community   Centre)၌ ယမန်နေ့ညနေ ၃ နာရီက စာပေချစ်မြတ်နိုးသူများက စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်မြှင့်ပြိုင်ပွဲများကျင်းပ
Apr 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များမြင့်မား‌လာစေရန် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ မြန်မာစာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကို  ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်
Apr 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခရိုင်အတွင်း ယာဉ်မတော်တဆမှုများမဖြစ်ပွားစေရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများလိုက်နာစေရေး ‌ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက ကေသီဦးစက်သုံးဆီ အရောင်းဆိုင်အနီး ရန်ကုန်-မန္တလေးကားလမ်းနှင့် ကျောက်ဆည်မြို့ရှောင်လမ်းဆုံတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ လူငယ်လူရွယ်များအတွက် ပန်းချီသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းများ ဖွင့်လှစ်သင်ကြားပေး
Apr 23,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြိုနယ် လူထုအခြေပြု ဗဟိုဌာနအနေဖြင့် လူငယ် လူရွယ်များအတွက် နွေရာသီ ကျောင်းပိတ်ရက်များတွင် အသိပညာ အတတ်ပညာများ တိုးပွားစေရန် ပန်းချီသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာ သင်တန်းများကို ဖွင့်လှစ်၍ သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။