ဒဂုံအရှေ့ ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်နေပြည်သူများနွေရာသီကာလ သောက်သုံးရေအခက်အခဲမဖြစ်ပေါ်စေရန်နှင့် အဆင်ပြေမှုရှိစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၏စီစဉ်မှုဖြင့် သောက်သုံးရေများသွားရောက်လှူဒါန်းခြင်းကို အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၁၂၅)ရပ်ကွက်ရှိ ပြည်သူ့များထံသို့ ယနေ့ညနေပိုင်းက သွားရောက်လှုဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ကွက်နေပြည်သူများထံ သောက်သုံးရေများသွားရောက်လှူဒါန်းပေးရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးမျိုးမြင့်အောင်ဦးဆောင်၍တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းပါဝင်၍ မြို့နယ်မီးသတ်ဦးစီးဌာန၏ ဒေါင်းဖန်ရေသယ်ယာဉ်ဖြင့် ရေဂါလံပေါင်း(၃၂၀၀)ဂါလံအား ဖြန့်ဝေလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ကွက်အတွင်းရှိပြည်သူ့များကို သောက်သုံးရေအခက်အခဲမဖြစ်စေရေးအတွက် သောက်သုံးရေများကိုအဆက်မပြတ် လှူဒါန်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)