သတင်းများ

မိုင်းယုမြို့၌ သုံးနှစ်တစ်ကြိမ် ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်
Apr 23,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် သုံးနှစ်တစ်ကြိမ် ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲကို ဧပြီ ၂၉ ရက်နေ့မှ  မေလ ၁ ရက်နေ့ထိ သုံးရက်တိုင်တိုင် အဆိုပါမြို့၏ နမ့်လွေချောင်း သဲသောင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားပြီး ပွဲတော်ကျင်းပနိုင်ရန်အတွက် ဒေသခံပြည်သူများက ကြိုတင် ပြင်ဆင်လျက်ရှိကြသည်။
လယ်ဝေးမြို့နယ် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့မှ လေဘေးသင့်ပြည်သူများအား စားသောက်ကုန်များနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်းလျက်ရှိ
Apr 23,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့တွင် ဧပြီ ၂၁ ရက်ညနေပိုင်းက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များပြိုကျပျက်စီး၍ လူများထိခိုက်မှု ဖြစ်ပွားခဲ့သည်။
မလှိုင်မြို့၊ သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၌ ကဆုန်ညောင်ရေသွန်းပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲစည်ကားသိုက်မြိုက်စွာကျင်းပမည်
Apr 23,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် (၁၀၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၁ ရက်နေ့၊ နံနက်(၈)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌရုံးခန်း၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စေတီတော်ဂေါပကအဖွဲ့ဝင်တို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
လှာကာ-ဖားပု-ကျုံပိုက်-ခဲတောက်-မုက္ကဒိလမ်းပေါ်ရှိ ပေ(၁၀၀)သံကူကွန်ကရစ်တံတားသစ်ဖွင့်လှစ်
Apr 23,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၃၉၃ ဒဿမ ၇၀ သန်းဖြင့် ဆောင်ရွက်ပြီးစီးသည့် ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်း၊ လှာကာ-ဖားပု-ကျုပိုက်-ခဲတောက်-မုက္ကဒိလမ်းပေါ်ရှိ ပေ(၁၀၀)သံကူကွန်ကရစ်တံတားသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျုံပိုက်ကျေးရွာရှိ အဆိုပါတံတားတည်နေရာ၌ ကျင်းပသည်။
မချမ်းဘောမြို့နယ်၌ အထွက်တိုးမျိုးဆင်းဧကရီ-၃ မျိုးစပါးများ တောင်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ
Apr 23,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၌ ဒေသဝမ်းစာဖူလုံရေး အထွက်တိုးမျိုးစပါး ဆင်းဧကရီ-၃ ပြောင်းလဲစိုက်ပျိုးနိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော အထွက်တိုးစပါးမျိုးများကို ယမန်နေ့ မွန်းလွဲ (၂:၀၀) နာရီက မချမ်းဘောမြို့ပေါ် (၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၉)အုပ်စုရှိ ကျေးရွာပေါင်း (၁၈) ရွာတွင်  အထွက်တိုးမျိုးစပါး ဆင်းဧကရီ-၃ ဖြန့်ဝေမှုကြီးကြပ်ရေးအဖွဲ့မှ အထွက်တိုးဆင်းဧကရီ- ၃ စပါးမျိုးများကို တောင်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ နွေရာသီအခြေခံ ယဉ်ကျေးလိမ္မာနှင့် ကွန်ပျုတာသင်တန်းဖွင့်လှစ်
Apr 23,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် နွေရာသီအခြေခံ ယဉ်ကျေး လိမ္မာနှင့် ကွန်ပျုတာ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသည်။
စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Apr 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book  Club)အဖွဲ့ဝင်တို့ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ "စာအုပ်ကလူကိုပြုပြင်ပါတယ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား မြေပြင်ကွင်းဆင်းစစ်ဆေး
Apr 23,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား ယမန်နေ့နံနက် ၁၁ နာရီအချိန်  မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။