ငါ့သရောက် ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ဆည်ကျေးရွာတွင် အစဥ်အဆက် လုပ်ကိုင်လျက်ရှိသော ပုန်းရည်ကြီး လုပ်ငန်း လုပ်ကိုင်ကြသူများ ယခုလိုပွင့်လင်းရာသီ၌ လုပ်ငန်းတွင်ကျယ်ပြီး ရောင်းအားများ တိုးတက်ကာ လုပ်ငန်းလုပ်ကိုင် နေကြ သူများ အဆင်ပြေသောကြောင့် မိသားစုဝင်ငွေများစွာ ရရှိနေကြောင်း ဆည်ကျေးရွာ ပုန်းရည်ကြီးလုပ်ငန်း လုပ်ကိုင်ကြသူများထံမှ သိရသည်။
အများအားဖြင့် ဆည်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသော်လည်း ပုန်းရည်ကြီးလုပ်ငန်းကို အစဥ်အဆက် လုပ်ကိုင်သူအချို့ရှိပြီး နှစ်ပတ်လည်လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။ မိုးရာသီလုပ်ကိုင်ချိန်တွင် အခက်အခဲအနည်းငယ်ရှိပြီး ယခုလိုပွင့်လင်း ရာသီ၌ လုပ်ငန်းတွင်ကျယ်ပြီး မိုးရာသီအချိန်မှာ တစ်နေ့ကို ပုန်းရည်ကြီး ပိဿာချိန်(၃၀)ပိဿာ ထုတ်လုပ်နိုင်လျှင် ပွင့်လင်းရာသီဆို ပိဿာချိန်(၆၀)ပိဿာ အထိထုတ်လုပ်နိုင်ကြောင်း သိရ သည်။
ပုန်းရည်ကြီးကျိုဖို့အတွက်ဆို ပဲပိစပ်၊ လောင်စာကိုတော့ ထင်းနှင့်မြေပဲခွံတို့ကို အသုံးပြုကြပါ တယ်။ ကျိုချက်ပြီး ရရှိလာသော ပုန်းရည်ကြီးကို ငါးကျပ်သားမှစ၍ တစ်ဆယ်သားအထုပ်၊ နှစ်ဆယ်ငါးကျပ်သားထုပ်၊ ငါးဆယ်သားထုပ်၊ တစ်ပိဿာထုပ် စသည်ဖြင့် အမျိုးမျိုးထုပ်ပြီး တစ်ပိဿာကို(၄၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိ ရောင်းချကြောင်း သိရသည်။ ရောင်းချရာတွင် လည်း ညောင်ဦး မြို့၊ ကျောက်ပန်းတောင်းမြို့၊ ပခုက္ကူမြို့များအပြင် ရန်ကုန်၊ မန္တလေးမြို့ကြီး များအထိ တင်ပို့ရောင်းချရသောကြောင့် မိသားစုဝင်ငွေ များစွာရရှိကာ အဆင်ပြေလျက်ရှိကြောင်း ငါ့သရောက်မြို့ ဆည်ကျေးရွာ ပုန်းရည်ကြီးလုပ်ငန်းရှင်များထံမှ သိရသည်။
P.W.A(ပြန်/ဆက်)