ရွှေဘိုမြို့မစည်ပင်သာယာဈေး၌ မီးဘေးလုံခြုံ​ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်

​ရွှေဘို ဧပြီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့မစည်ပင်သာယာဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်းသရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများကို ယ​မန်နေ့နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်မီးသတ်တပ်ဖွဲ့၀င်များက ဈေးအတွင်းသွယ်တန်းထားသည့် မီးသတ်ရေပိုက်လိုင်းနှင့်‌ ‌‌ ရေငုတ်များ‌ ကောင်းမွန်မှုရှိမရှိကြည့်ရှုစစ်ဆေးခြင်း၊ ဆိုင်ခန်းများတွင်မီးသတ်​ဆေးဘူးထားရှိ/မရှိစစ်​ဆေးခြင်း၊ ယာဥ်များဝင်ထွက်သွားလာနိုင်မှုရှိမရှိစစ်​ဆေးခြင်းနှင့် ရေပိုက်လိုင်းများ အချိန်မရွေးအသုံးပြုနိုင်မှုရှိမရှိစစ်​ဆေး​ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြ‌ကြောင်း သိရသည်။

အဆိုပါမီးငြှိမ်းသတ်နည်း၊ သရုပ်ပြဇာတ်တိုက်​ဆောင်ရွက်ရာသို့ အမှတ်(၅)စစ်အုပ်ချုပ်ရေးနယ်မြေမှူးဗိုလ်မှူးကြီး​အောင်​အောင်၊​ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးစွမ်းဇာနည်နှင့်တပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူးလက်​ထောက်ညွှန်ကြား​ရေးမှူးဦး​အေးမြင့်နှင့်ဝန်ထမ်းများ၊ စည်ပင်သာယာအမှု​ဆောင်အရာရှိဦးဝဏ္ဏ​အောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦး​ဇော်မျိုးဝင်နှင့်အဖွဲ့ဝင်များ​ တက်ရောက်ခဲ့ပြီး စျေးတွင်း၊​ စျေးပြင်ဝင်​ရောက်မီးငြှိမ်းသတ်နိုင်​ရေး၊ မီး​ဘေးကယ်ဆယ်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်း​ရေးတို့ကို ​ရှောင်တခင်ဇာတ်တိုက်​လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်