သတင်းများ

မူဆယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ (၁)နှစ်ခွဲအရွယ်ထိ ကလေးသူငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များကို လစဉ်ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်
Apr 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ပြည်သူဆေးရုံးကြီးတွင် ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမား‌ရေး စောင့်ရှောက်မှုများနှင့် ကိုယ်ဝန်ဆောင်ကာလ၌ လိုအပ်သောကာကွယ်ဆေး ထိုးနှံပေးခြင်း၊ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ်ထိ ကလေးသူငယ်များကို ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ခြင်းတို့ကို ယမန်နေ့ နံနက်(၉)နာရီအချိန်က လုပ်ဆောင် လျက်ရှိပြီး လစဉ်လတိုင်း စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိသည်။
ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Apr 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်မနားမြို့နယ်တွင် မြို့သန့်ရှင်းသာယာ‌ရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်းကာ အပတ်စဉ်သန့်ရှင်းရေးများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကန်တော်မင်္ဂလာရှမ်းကန် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့သည်။
မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်နှင့်ဆက်စပ်ရေဝပ်ဧရိယာအတွင်း ကျက်စားလျက်ရှိသည့် ဒေသရင်းရေပျော်ငှက်မျိုးစိတ်နှင့် ဒေသပြောင်းရွှေ့ ရေပျော်ငှက်မျိုးစိတ် (၅၅)မျိုး ကောင်ရေ(၁၄၅၄၅)ကောင် စာရင်းကောက်ယူနိုင်ခဲ့
Apr 23,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် မတ်လအတွင်း ကျက်စားလျက်ရှိသော ဒေသရင်းရေပျော်ငှက်မျိုးစိတ်နှင့် ဒေသပြောင်းရွှေ့ ရေပျော်ငှက်မျိုးစိတ် (၅၅)မျိုး၊ ကောင်ရေ (၁၄၅၄၅) ကောင်ကို စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ ဒေသဖွံ့ဖြိုး​တိုးတက်ရေးပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ
Apr 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပ​ဒေစိုးမိုး​ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်​ကြောင်းကြီး(၅)​ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဖုန်းဆိုးအုပ်စု၊ ဝက်ခေါက် ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းသာမြို့အတွင်း သန့်ရှင်းသာယာလှပလာစေရန် စုပေါင်းသန့်ရှင်းရေးပြုလုပ်
Apr 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အား မြို့အဆင့်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာသော မြို့ဖြစ်ပေါ်လာစေရေး အပတ်စဥ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့က ယမန်နေ့နံနက်(၇)နာရီအချိန်က ချောင်းသာမြို့ ချောင်းသာကမ်းခြေတစ်လျှောက်ကို စုပေါင်း​သန့်ရှင်း​ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 23,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
ပြည်မြို့ "နွေရာသီလူငယ်ကင်းထောက်သင်တန်း" ဖွင့်ပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်အားပေးချီးမြှင့်
Apr 23,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့ အထက(၁)၊ သိရီရတနာခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် "နွေရာသီလူငယ်ကင်းထောက်သင်တန်း" ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်သည်။
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အဆင့်မြင့် (Advanced Excel) ကွန်ပျူတာသင်တန်း (၁/၂ဝ၂၃) ဖွင့်လှစ်
Apr 23,2023
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် (Advanced Excel) ကွန်ပျူတာသင်တန်းကို ယမန်နေ့နေ့လယ် ၁၂ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)   သင်တန်းခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။