မချမ်းဘောမြို့နယ်၌ အထွက်တိုးမျိုးဆင်းဧကရီ-၃ မျိုးစပါးများ တောင်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ

မချမ်းဘော ဧပြီ ၂၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၌ ဒေသဝမ်းစာဖူလုံရေး အထွက်တိုးမျိုးစပါး ဆင်းဧကရီ-၃ ပြောင်းလဲစိုက်ပျိုးနိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော အထွက်တိုးစပါးမျိုးများကို ယမန်နေ့ မွန်းလွဲ (၂:၀၀) နာရီက မချမ်းဘောမြို့ပေါ် (၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၉)အုပ်စုရှိ ကျေးရွာပေါင်း (၁၈) ရွာတွင်  အထွက်တိုးမျိုးစပါး ဆင်းဧကရီ-၃ ဖြန့်ဝေမှုကြီးကြပ်ရေးအဖွဲ့မှ အထွက်တိုးဆင်းဧကရီ- ၃ စပါးမျိုးများကို တောင်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အထွက်တိုးမျိုးစပါးများဖြန့်ဝေရာတွင်  သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စု မျိုးစပါးဖြန့်ဝေမှုကြီးကြပ်ရေးအဖွဲ့များမှ မြို့ပေါ် (၄) ရပ်ကွက်နှင့် နမ်ခမ်ကျေးရွာအုပ်စု၊ ထရန်ဒမ်းကျေးရွာအုပ်စု၊ ကောင်းမှုလုံကျေးရွာအုပ်စု၊ မန်နိုကျေးရွာအုပ်စု၊ အလန်ဂါးကျေးရွာအုပ်စု၊ ထန်ဂါးကျေးရွာအုပ်စု၊ အင်္ဂါဒိန်ချက်ကျေးရွာအုပ်စု၊ ရှင်မွေယာန်ကျေးရွာအုပ်စုရှိ တောင်သူစုစုပေါင်း (၆၄၉) ဦး၏ စပါးစိုက်ဧက (၈၅၀) ဧကအတွက် အထွက်တိုးမျိုးစပါး (၈၅၀) တင်းအား တောင်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ယောရွှေနီ(မချမ်းဘော့)