မိုင်းယု ဧပြီ ၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် နွေရာသီအခြေခံ ယဉ်ကျေး လိမ္မာနှင့် ကွန်ပျုတာ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသည်။
သင်တန်းဖွင့်ပွဲတွင် သင်တန်းကြီးကြပ်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းကြီးကြပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသန်းက နွေရာသီကာလ အားလပ် သည့်အချိန်အတွင်း ကျောင်းသား၊ ကျောင်းသူလေးများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂနှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး၊ ယဉ်ကျေးလိမ္မာသော သားကောင်း သမီးကောင်း ရတနာလေးများဖြစ်စေရေးနှင့် ကွန်ပျုတာအခြေခံ သဘောတရားများကို သိရှိ နားလည်တတ်စေရန်စသည့် ရည်ရွယ်ချက်တို့ဖြင့် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းများကို ဧပြီ ၂၂ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ ဆယ်ရက်သာဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ပြီး နေ့စဉ် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီထိဖြစ်ကြောင်း၊ ယဉ်ကျေးလိမ္မာ သင်တန်းကို ကျောင်းသား၊ ကျောင်သူ ၃၀ ဦးနှင့် ကွန်ပျုတာသင်တန်းကို ကျောင်းသား၊ ကျောင်သူ ၂၀ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်သူ ၅၀ ဦး တက်ရောက်ကြပြီး တက်ရောက် သင်ကြားသည့် ကျောင်းသား၊ ကျောင်သူများကို ဘောပင်နှင့် ဗလာစာအုပ်များ အခမဲ့ပေး အပ်ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်