မောင်တော ဧပြီ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား ယမန်နေ့နံနက် ၁၁ နာရီအချိန် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးဦးမျိုးကျော် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ၊ မဖြစ်ပွားစေရန်နှင့် စက်သုံးဆီသိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသောစည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိမရှိ ၊ စက်သုံးဆီဆိုင်များတွင် မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်ဆေးဘူးများထားရှိကာ အသုံးပြုတတ်စေရေး၊ စက်သုံးဆီဆိုင်များတွင် အများပြည်သူများသိရှိစေရေးအတွက် မီးဘေးလုံခြုံရေး ပညာပေးဆိုင်ဘုတ်များထားရှိစေရေးစသည့်တို့ကို အကြုံပြုကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)