ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်မြှင့်ပြိုင်ပွဲများကျင်းပ

ကလေး ဧပြီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များမြင့်မား‌လာစေရန် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ မြန်မာစာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကို  ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးတွာလ်ဆွင်းဗန်က ကျောင်းသား/ကျောင်းသူများအတွက် ပြိုင်ပွဲများကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲများကျင်းပခဲ့ပြီး တာဝန်ရှိသူများက အထူးဆု၊ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရသော ကျောင်းသား/ကျောင်းသူများကို ဆုများ အသီသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့်စာပေချစ်မြတ်နိုးသူများဖြင့် အသိပညာပေးဆွေးနွေးပွဲများ၊ ကလေးများဆိုင်ရာ ကာယ၊ ဉာဏစွမ်းရည်မြှင့်ပြိုင်ပွဲများနှင့် သင်တန်းများကို အပတ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)